လားရှိုး ၆ ဇူလိုင်
လားရှိုးမြို့၌ အာဇာနည်နေ့အခမ်းအနားကို ကိုဗစ်(၁၉)ရောဂါကာကွယ်ထိန်းချုပ်ရေး အစီအမံများ အတိုင်း အကျဉ်းချုံးကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားကို ပုံမှန်ဥဩဆွဲခြင်းများအတိုင်း ပြုလုပ်မည်ဖြစ်ကာ လူဦးရေ ကန့်သတ်ချက် များအတိုင်း အဖွဲ့အစည်းအဖွဲ့တစ်ခုလျှင်လူ (၅)ဦးထက် မပိုဘဲ သတ်မှတ်အလှည့်၊ အချိန် သတ်မှတ်ချက် များအတိုင်း လာရောက် ဂါရဝပြုကြရမည် ဖြစ်သည်။
လားရှိုးမြို့ရှိ ဂါရဝပြုကျောက်တိုင်ကွင်း၏ နေရာအနေအထားအတိုင်း ကိုဗစ်(၁၉) ကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း လူတစ်ဦးနှင့်တစ်ဦး (၆)ပေအကွာအဝေးအတိုင်းအတာဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတ်မှတ်ချက် စည်းကမ်းများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဟန်ဌေး(လားရှိုး)


