လားရှိုး သြဂုတ် ၂၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် Synthetic Full P.U ပြေးလမ်းသစ်ဖွင့်ပွဲကို သြဂုတ် ၂၆ ရက် နံနက်ပိုင်းက လားရှိုးမြို့ ပြည်ထောင်စု အားကစားကွင်း၌ ကျင်းပခဲ့သည်။
ပြေးလမ်းသစ်ဖွင့်ပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အမှာစကားပြောကြားပြီး Shining Myanmar Co Ltd မန်နေဂျင်း ဒါရိုက်တာ ကျော်စွာထွဋ်က ရှင်းလင်းတင်ပြကာ Synthetic Full P.U ပြေးလမ်းသစ်အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မြင့်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်နယ် အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးကျော်၊ Shining Myanmar Co Ltd မန်နေဂျင်း ဒါရိုက်တာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် အခြေခံပညာကျောင်းများမှ ကျောင်းသူလေးများက ပန်းဖွားအကဖြင့် သရုပ်ပြသကြပြီး ပန်းဖွားအက သရုပ်ပြ အဖွဲ့များကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဂုဏ်ပြုဆုငွေ ကျပ် ၁၂ သိန်း၊ အကနည်းပြ အဖွဲ့များအား တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးက ငွေကျပ် ၃ သိန်း အသီးသီးချီးမြှင့်ပေးကြကာ အားကစားပြိုင်ပွဲများ စတင်ယဉ်ပြိုင်၍ ပြိုင်ပွဲတွင် ဆုရရှိသူများကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)