လားရှိုး ၂၉ ဩဂုတ်
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသည့် မြို့နယ်စည်ပင်သာယာရေး ဌာန၌တာဝန်ထမ်းဆောင်နေသော မမိုးသန္တာသည် အလုပ်တွင်တာဝန် ထမ်းဆောင်နေစဉ် ထိခိုက်ဒဏ်ရာရ၍ ဇွန် ၁၈ ရက်နေ့တွင် သေဆုံးခဲ့ပါသဖြင့် သေဆုံးသူ၏ ကျန်ရစ်သူမိသားစုအား ဩဂုတ် ၂၉ ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါရုံး၌ လူမှုဖူလုံရေး ဥပဒေပုဒ်မ(၃၀)အရ နာရေးစရိတ်နှင့် လူမှုဖူလုံရေး ဥပဒေပုဒ်မ၆၂(က)တို့အရ အကျိုးခံစားခွင့် စုစုပေါင်းငွေကျပ် ၁၉၂၃၆၀၀ ကို မြို့နယ်လူမှုဖူလုံရေး ရုံးတွင် ပေးအပ်ခဲ့သည်။
အဆိုပါပေးအပ်ပွဲကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဌာနနှင့် လူမှုဖူလုံးရေးမှ မိတ်ဖက်ဌာနများ တက်ရောက်ခဲ့ကြသည်။
ဟန်ဌေး(လားရှိုး)


