လားရှိုး  ၆   ဇွန်

 

လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စုရှိ မန်ပြိန်းကျေးရွာမှ ကျေးရွာနေပြည်သူများ လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက် ခြိမ်းခြောက်မှုကြောင့် စိုးရိမ်စိတ်ဖြင့် လားရှိုးမြို့ အမှတ်(၉)ရပ်ကွက် နယ်မြေ (၃)ရှိ လားရှိုးအနောက်ပိုင်း ကချင်နှစ်ခြင်းအသင်းတော်သို့ ဇွန်လ ၅ ရက်က တိမ်းရှောင်လာကြောင်း သိရသည်။

 

444444

 

ဇွန်လ(၆)ရက် နံနက်(၁၀)နာရီက တိမ်းရှောင်လာကြသူ တိုင်းရင်းသားပြည်သူများအား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက အိမ်ထောင်စု(၄၆)စု၊ လူဦးရေ (၁၉၆)ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ ဆန်ဖိုးငွေတစ်ဦးလျှင် ငွေကျပ် ၂၁၀ဝ နှုန်းဖြင့် (၁၉၆)ဦးတို့အတွက် ငွေကျပ် ၄၁၁၆၀ဝ အားလည်းကောင်း၊ လားရှိုးမြို့နယ်စီမံခန့်ခွဲမှုကော်မတီက ဆန်(၅)အိတ်၊ အမှတ် (၆၂၆) ထောက်ပံ့ရေးတပ်ရင်းက ဆန်(၁)အိတ်၊ ဆီ(၅)ပိဿာ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း ) သဘာဝ ဘေးဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ငွေကျပ်(၁)သိန်း၊လားရှိုးမြို့ လူမှုကူညီရေးအသင်းများ၊ ပရဟိတ အသင်းများကလည်း ထမင်းထုပ်နှင့် ရေသန့်များကိုလှူဒါန်းခဲ့ကြောင်းသိရသည်။

 

စိုးရိမ်မှုကြောင့် တိမ်းရှောင်လာသူ တိုင်းရင်းသားပြည်သူများထဲ၌ မူလတန်းကျောင်းသား၊ ကျောင်းသူ (၂၅)ဦး၊အလယ်တန်းကျောင်းသား၊ကျောင်းသူ(၇)ဦးပါရှိခဲ့ပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ မြို့နယ်ပညာရေးမှူးရုံးနှင့်ပေါင်းစပ်ကာ ပညာဆက်လက်သင်ကြားနိုင်ရေး ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း သိရသည်။

 

ဟန်ဌေး(လားရှိုး)