လဲချား  ၂၅  ဇူလိုင်

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့မဈေးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရှောင်တခင် စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးနှင့် တာဝန်ရှိသူများပူးပေါင်း၍ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် စျေးရောင်းသူ/ စျေးဝယ်သူများအနေဖြင့် နှာခေါင်းစည်းများ တပ်ဆင်ထားရှိမှု၊ စျေးသည်များ သတ်မှတ်အကွာအဝေးအတိုင်း ရောင်းချမှု၊ ကျန်းမာရေးဆိုင်ရာ သတိပေးချက်များ လိုက်နာမှုရှိ မရှိကို စစ်ဆေးခဲ့ပြီး အသိပညာပေးခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင် (ပြန်/ဆက်)

 

 

လဲချား (ပြန်/ဆက်)

 

IMG_20200725_074735_1

 

IMG_20200725_073210