လဲချား ၃ နိုဝင်ဘာ
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံအလိုက် အသုံးပြုရန် မဲရုံသုံးပစ္စည်းများနှင့် မဲရုံအလိုက် တာဝန် ထမ်းဆောင်ကြမည့်သူများနှင့် မဲဆန္ဒရှင်ပြည်သူများအား ဖြန့်ဝေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့နံနက် ၉ နာရီကစ၍ ဖြန့်ဝေပေးလျက်ရှိသည်။
ထိုသို့ ဖြန့်ဝေပေးရာတွင် မဲရုံသုံးပစ္စည်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ဖြစ်သည့် KN-95 ၊ Face Shield ၊ Surgical Gown၊ Medical Cap ၊ PPE Lavel-3 ဝတ်စုံ၊ Surgical Glovers ၊ Protective Face Mask၊ Goggles၊ Boot စသည့် ပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများအလိုက် ထုတ်ပေးခြင်း ဖြစ်ပြီး လဲချားမြို့နယ်တွင် မဲရုံပေါင်း (၃၆)ရုံ အတွက် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
လွှမ်းသူနောင်(ပြန်/ဆက်)