Latest News

နောက်ဆုံးရသတင်းများ

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား မီးရှူးတိုင် သယ်ယူရေးနှင့် ပရိသတ်များ တက်ရောက်အားပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပြည်တွင်း

16/09/24

 

နေပြည်တော်၊ စက်တင်ဘာ ၁၆

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား မီးရှူးတိုင် သယ်ယူရေးနှင့် ပရိသတ်များတက်ရောက်အားပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦး မိုးသည်းထန်စွာရွာသွန်း၍ ရေတိုက်စားမှုကြောင့် နေပြည်တော်အတွင်းရှိ လမ်း၊ တံတားများ ပျက်စီးနေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည်တွင်း

16/09/24

နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ကော်မတီဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်း၍ ရေတိုက်စားမှုကြောင့် ပြည်စံအောင်မှ စစ်မှုထမ်းမြို့ကွက်သစ်ကို ဆက်သွယ်သော ဥယျာဉ်ဆင်သေချောင်းကူးတံတား ချဉ်းကပ်လမ်းနှင့် ပုဗ္ဗသီရိမြို့နယ် ဇီးကုန်းကျေးရွာနှင့် ဇေယျာသီရိမြို့နယ် လေသာကျေးရွာသို့ ဆက်သွယ်ထားသည့် လေသာ - ဇီးကုန်းတံတား ချဉ်းကပ်လမ်းများ ပျက်စီးနေမှုနှင့် မြေထိန်းနံရံများ ပြိုကျပျက်စီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ပြည်တွင်း

16/09/24

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၆ ရက်တွင် ကျရောက်သော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၅၈) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံ အိုဇုန်းယူနစ်အဖွဲ့ဝင် ကိုယ်စားလှယ်များ၊ လေအေးပေးစက်ဆိုင်ရာ ပညာရှင်အသင်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။