တောင်ကိုရီးယားနိုင်ငံသို့  လာရောက်လည်ပတ်သည့် ဂျပန်ခရီးသွားအရေအတွက် ဩဂုတ်လအတွင်း မြင့်တက်မှုရှိ

တောင်ကိုရီးယားနိုင်ငံတွင် ဩဂုတ်လအတွင်း လာရောက်လည်ပတ်သည့် ဂျပန်ခရီးသွားအရေအတွက်သည် ဗီဇာကင်းလွတ်ခွင့်ပြန်လည်စတင်ပြီးနောက်တွင် ပိုမိုမြင့်တက်လာသည်ဟု သိရသည်။
မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈၆၇ ဦး ထပ်မံတွေ့ရှိ
 မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၈၆၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၈၃၈၈၇၂ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရကြောင့် ၄၂ ဦး သေဆုံး
တောင်ကိုရီးယားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၄၂ ဦး ထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၂၈၄၀၆ ဦး ရှိလာကြောင်း ကျန်းမာရေးအာဏာပိုင်များက ယနေ့တွင် ပြောကြားသည်။
မိုဇမ်ဘစ်နိုင်ငံ၌ ထရပ်ကားတစ်စီးလမ်းချော်တိမ်းမှောက်မှုကြောင့်  ၁၁ ဦးထက်မနည်းသေဆုံး၊ ၁၇ ဦး ဒဏ်ရာရ
မိုဇမ်ဘစ်နိုင်ငံအနောက်ပိုင်း တက်တီပြည်နယ် တီစန်ဂါနိုခရိုင်တွင် ယမန်နေ့က ထရပ်ကားတစ်စီး မတော်တဆ ဖြစ်ပွားမှုကြောင့် လူ ၁၁ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား ၁၇ ဦး ဒဏ်ရာရခဲ့ကြောင်း နိုင်ငံပိုင်ရေဒီယိုအသံလွှင့်ဌာနက ဖော်ပြထားသည်။
ယူဂန်ဒါရဟတ်ယာဉ်နှစ်စင်းပျက်ကျမှုကြောင့် စစ်သား ၂၄ ဦး သေဆုံး
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ(ဒီအာစီ) အရှေ့မြောက်ပိုင်း အီတူရီပြည်နယ် ဘိုဂါဒေသတွင် ယူဂန်ဒါစစ်ရဟတ်ယာဉ် တစ်စင်းပျက်ကျမှုကြောင့် စစ်သား ၂၂ ဦး သေဆုံးခဲ့ကြောင်း ............
ပီရူးနိုင်ငံတောင်ပိုင်း၌ ထရပ်ကားတစ်စီး လမ်းချော်ပြီးချောက်ထဲကျသဖြင့် လေးဦးသေဆုံး၊ ၃၃ ဦး ဒဏ်ရာရ
ပီရူးနိုင်ငံတောင်ပိုင်း ကတ်စ်ကိုဒေသတွင် စက်တင်ဘာ ၂၇ ရက် ည ၇ နာရီက ထရပ်ကားတစ်စီး အဝေးပြေးလမ်းပေါ်မှလမ်းချော်ပြီးချောက်ထဲထိုးကျသွားသဖြင့် လေးဦးထက်မနည်းသေဆုံးခဲ့ပြီး ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း .............
စင်ကာပူနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၄၅၄ ဦး ထပ်မံတွေ့ရှိ
စင်ကာပူနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၄၅၄ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၁၉၀၀၇၆၁ ဦး အထိရှိလာကြောင်း ဖော်ပြထားသည်။