Latest News

နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် လူမှုဖူလုံရေးအဖွဲ့က ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ဖြင့် နေပြည်တော်ကောင်စီရှိ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား ကွင်းဆင်းဆေးကုသပေးမှု ကြည့်ရှုအားပေး

ပြည်တွင်း

27/06/24


နေပြည်တော် ဇွန် ၂၇
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့ နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့က ရွေ့လျားဆေးကုသယာဉ်ဖြင့် နေပြည်တော်ကောင်စီရှိ လူမှုဖူလုံရေး အကျုံးဝင် အာမခံအလုပ်သမားများအား ဆေးဝါးကုသပေးမှု၊ ဓာတ်ခွဲစစ်ဆေးပေးမှုနှင့် နှလုံးအတွက် ECG စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

မှုခင်း

27/06/24


နေပြည်တော် ဇွန် ၂၇
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ

ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဥတ္တရသီရိမြို့နယ်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ ပြည်သူလူထုအသိပညာပေး Bill Board စိုက်ထူပွဲကျင်းပ

ပြည်တွင်း

27/06/24

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ပြည်သူများ သိရှိနားလည် ပူးပေါင်းပါဝင်လာစေရေးအတွက် ပြည်သူလူထုအသိပညာပေးလုပ်ငန်း တစ်ရပ်ဖြစ်သည့် သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ Bill Board များကို တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ခရိုင်အလိုက် မြို့ကြီးများ၏ လူစည်ကားရာနေရာများ၊ လမ်းဆုံလမ်းခွများတွင် စိုက်ထူဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ ဥတ္တရသီရိခရိုင်အတွင်း သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ အသိပညာပေး Bill Board စိုက်ထူပွဲကို ယနေ့နံနက် ၈ နာရီခွဲက ဥတ္တရသီရိမြို့နယ်၊ ရာဇဌာနီလမ်းနှင့် မန္တလေးလမ်းထောင့်၌ ကျင်းပသည်။

မုံရွာမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်းရှိ၊ မရှိ ရှောင်တခင်စစ်ဆေး

ပြည်တွင်း

27/06/24

စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနလက်အောက်ရှိ တိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ တာဝန်ရှိသူများပါဝင်သော စစ်ဆေးရေး အဖွဲ့သည် ဇွန် ၂၆ ရက်က မုံရွာမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ချက်များနှင့်အညီ ရောင်းချခြင်းရှိ၊ မရှိ ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။

အဖတ်များဆုံး သတင်း