Latest News
နောက်ဆုံးရသတင်းများ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စက်ရုံများ ကြည့်ရှုစစ်ဆေး
01/06/24
နေပြည်တော် ဇွန် ၁
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မေ ၃၀ ရက်က ပဲခူးတိုင်းဒေသကြီး ရေနီမြို့ရှိ စက္ကူစက်ရုံ (ရေနီ) သို့ ရောက်ရှိပြီး အသေးစားစက္ကူစက်ဖြင့် စက္ကူများ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံနေမှုနှင့် ကျောင်းအပ်လက်ခံနေမှု ကြည့်ရှုအားပေး
01/06/24
နေပြည်တော် ဇွန် ၁
နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ မှာကြားသည်။
စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ
01/06/24
နေပြည်တော် ဇွန် ၁
စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (ရုံးချုပ်) ၌ ကျင်းပသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သံဃာတော် (၅၅၅၅) ပါးအား ပစ္စည်းလေးပါး လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပ
01/06/24
ရန်ကုန် ဇွန် ၁
ဗီယက်နမ်နိုင်ငံမှ အလှူရှင်များ စုပေါင်းလှူဒါန်းသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သံဃာတော် (၅၅၅၅) ပါးအား ပစ္စည်းလေးပါးလှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။