Latest News
နောက်ဆုံးရသတင်းများ
သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများ စတင်ဆောင်ရွက်
23/05/24
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက စတင် လက်ခံပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများက လာရောက်အပ်နှံလျက်ရှိပြီး တာဝန်ရှိသူများက လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရသည်။
တောင်တွင်းကြီးမြို့ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများစတင်
23/05/24
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းကို ယနေ့ နံနက် ၉ နာရီမှစတင်၍ ကျောင်းအပ် လက်ခံပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူများနှင့်အတူ မိဘများက အေးချမ်းပျော်ရွှင်စွာ လာရောက် ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။
မြဝတီမြို့နယ်၌ အခြေခံပညာကျောင်းများ စတင်အပ်နှံလျက်ရှိ
23/05/24
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ ဇွန် ၂ ရက်နေ့အထိ သတ်မှတ်ထားကာ ယနေ့ နံနက် ၉ နာရီမှစတင်၍ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမိုးကြီးနိုင်
23/05/24
(၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်နေ့ မွန်းလွဲ(၂:၀၀)နာ