Latest News

နောက်ဆုံးရသတင်းများ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှု လှည့်လည်ကြည့်ရှုအားပေး

ပြည်တွင်း

23/05/24

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုကို သွားရောက်ကြည့်ရှု အားပေးကြသည်။

မွန်းလွဲပိုင်းရွှေဈေး

စီးပွားရေး

23/05/24

၂၀၂၄ ခုနှစ်၊ မေ   ၂၃

စစ်ကိုင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံခြင်း စတင်လက်ခံပေး

ပြည်တွင်း

23/05/24

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းအပ်နှံမှု စတင်လက်ခံပေးခြင်းကို တစ်နိုင်ငံလုံးတွင် တစ်ပြိုင်တည်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ မေ ၂၃ ရက်မှစ၍ စစ်ကိုင်းမြို့ရှိ အခြေခံပညာကျောင်းများတွင်လည်း ကျောင်းအပ်လက်ခံပေးခြင်းကို စတင်ဆောင်ရွက်ပေးခဲ့ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား တက်ရောက်

ပြည်တွင်း

23/05/24

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ နေပြည်တော်ကောင်စီဝင်များ၊ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ရပ်မိရပ်ဖများ၊ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရာက်ကြသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် ကျောင်းသားကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်

ပြည်တွင်း

23/05/24

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် “ကျောင်းနေအရွယ် ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်အတိုင်း မေ ၂၃ ရက် ယနေ့ နံနက် ၉ နာရီကစတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအားလုံးတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူများကို ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇီးကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်

ပြည်တွင်း

23/05/24

၂၀၂၄-၂၀၂၅ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေ ၂၃ ရက် နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာကျောင်းများအလိုက် လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

မင်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း (၁၅၉)ကျောင်း၌ ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

ပြည်တွင်း

23/05/24

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် “၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။

သဲကုန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်

ပြည်တွင်း

23/05/24

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာအရ ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ထိ ဆောင်ရွက်မည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက် ၈ နာရီမှ စတင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။

မနက်ပိုင်းရွှေဈေး

စီးပွားရေး

23/05/24

၂၀၂၄ ခုနှစ်၊ မေ  ၂၃