Latest News
နောက်ဆုံးရသတင်းများ
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၆) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပ
23/05/24
နေပြည်တော် မေ ၂၂
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၆) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ယနေ့ညနေပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ မဟာဗောဓိညောင်ပင်တော်များ၌ ကျင်းပသည်။
၁၃၈၆ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဓမ္မသဘင် မင်္ဂလာအခမ်းအနား ဆင်ယင်ကျင်းပ
23/05/24
နေပြည်တော် မေ ၂၂
၁၃၈၆ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဓမ္မသဘင် မင်္ဂလာအခမ်းအနားကို ယနေ့ ညပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်၌ ဆင်ယင်ကျင်းပသည်။
၂၀၂၄ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ဆင်ယင်ကျင်းပပူဇော်သည့် မဟာမင်္ဂလာအခမ်းအနားများသို့ ကြွရောက်တော်မူကြသည့် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း
23/05/24
၂၀၂၄ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ဆင်ယင်ကျင်းပပူဇော်သည့် မဟာမင်္ဂလာအခမ်းအနားများသို့ ကြွရောက်တော်မူကြသည့် ဆရာတော်ကြီးများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ တို့ နေ့ဆွမ်းဆက်ကပ်လှူဒါန်း
နေပြည်တော် မေ ၂၂
နိုင်ငံတော်သြဝါဒါစရိယ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ လက်သမားရပ်ကွက် အတွင်းပတ္တမြား ကျောင်းတိုက်ဦးစီးပဓာနနာယက ဘဒ္ဒန္တအရိယဝံသ (အဘိဓဇမဟာရဋ္ဌဂုရု) ၏ ထေရုပ္ပတ္တိအကျဉ်း
23/05/24
ဖွားမြင်တော်မူခြင်း
ဆရာတော်လောင်းလျာသည် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် သပြေကုန်းတိုက်နယ် ဆပ်သွားဖူးကျွန်းရွာ ခမည်းတော် ဦးဘိုးသန့် + မယ်တော် ဒေါ်အေးညွန့်တို့မှ ၁၂၈၆ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၈) ရက်၊ တနင်္ဂနွေနေ့တွင် ဖွားမြင်တော်မူသော သားရတနာဖြစ်ပါသည်။
ရှင်ရဟန်းပြုတော်မူခြင်း
ကဆုန်လပြည့် (ဗုဒ္ဓနေ့) အထိမ်းအမှတ် စာတမ်းဖတ်ပွဲကျင်းပ
23/05/24
နေပြည်တော် မေ ၂၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) အထိမ်းအမှတ် စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီ၊ ပုထိုးများ၌ ကုသိုလ်ဒါနကောင်းမှုပြုကြသူများ၊ ညောင်ရေသွန်းလောင်းကြသူများဖြင့် စည်ကားများပြားလျက်ရှိ
23/05/24
ရန်ကုန် မေ ၂၂
ယနေ့သည် ဖွား၊ ပွင့်၊ ဟော၊ စံ ဗျာဒိတ်ခံသည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူး နေ့မြတ်ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီ၊ ပုထိုးများ၌ ဥပုသ်သီတင်းဆောက်တည်ကြသူများ၊ ကုသိုလ်ဒါန ကောင်းမှုပြုကြသူများ၊ ညောင်ရေသွန်းလောင်းကြသူများဖြင့် စည်ကားများပြားလျက်ရှိသည်။