Latest News
နောက်ဆုံးရသတင်းများ
သထုံရွှေစာရံ စေတီတော်မြတ်ကြီး၌ ကဆုန်ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ
22/05/24
သထုံ၊ မေ ၂၂
မွန်ပြည်နယ်၊ သထုံမြို့ ကျက်သရေဆောင် လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီး၏ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်မြတ်ကြီး ရင်ပြင်တော် စနေထောင့်ရှိ ဗောဓိညောင်ပင်အနီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ မေလ ၂၂ ရက်နေ့ မြန်မာစံတော်ချိန် (၁၁:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် လေဖိအားနည်းရပ်ဝန်းအခြေအနေ
22/05/24
(က) လေဖိအားနည်းရပ်ဝန်းအခြေအနေ
ပုလောမြို့နယ်၌ ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့) တွင် မြို့ကျက်သရေစေတီတော်၌ ကဆုန်ညောင်ရေသွန်း လောင်းပူဇော်
22/05/24
ပုလော မေ ၂၂
၁၃၈၆ ခုနှစ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့)တွင် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကို ပုလောမြို့ အရှေ့ကျောင်းတိုက် ဓမ္မာရုံတွင် ယနေ့ မေ ၂၂ ရက် နံနက် ၆ နာရီက ကျင်းပသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ သံဃာတော် ၁၀၈ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပ
22/05/24
မိတ္ထီလာ၊ မေ ၂၂
မိတ္ထီလာမြို့နယ်အတွင်းရှိ သံဃာတော် ၁၀၈ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကဆုန်လပြည့် (ဗုဒ္ဓနေ့) ယနေ့ မေ ၂၂ ရက် နံနက် ၆ နာရီက မဟာဓမ္မရာဇိက ရွှေမြင်တင်စေတီတော် ရင်ပြင်ပေါ်တွင် ကျင်းပသည်။
လပွတ္တာမြို့၌ ကဆုန်ပြည့်(ဗုဒ္ဓနေ့)တွင် ဆွမ်းဆန်တော်လောင်းလှူပွဲနှင့် ကဆုန်ညောင်ရေသွန်းပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
22/05/24
လပွတ္တာ မေ ၂၂
၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ဆွမ်းဆန်တော် လောင်းလှူပွဲနှင့် ကဆုန်ညောင်ရေသွန်းပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ဘုရားလမ်းရှိ အောင်တော်မူ ဘုရားကြီးဝန်းတွင် ယနေ့နံနက် ၇ နာရီခက စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။