Latest News

နောက်ဆုံးရသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်

မိုးလေဝသ

22/04/24

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

ချောင်းသာမြို့၌ နှစ်ဦးဓမ္မပူဇာသဘင်ပွဲ ဆင်ယင်ကျင်းပမည်

ပြည်တွင်း

22/04/24

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ကွန်ရက်ဝင် ချောင်းသာမြို့အခြေစိုက် ဓမ္မပါလပရဟိတအသင်းနှင့် ချောင်းသာမြို့ ပရဟိတအဖွဲ့များမှ ကြီးမှူးကျင်းပသော နှစ်ဦးဓမ္မပူဇာသဘင်ပွဲကို ယနေ့ ဧပြီ ၂၂ ရက်မှ စတင်၍ အမှတ်(၃)ရပ်ကွက်၊ ငြိမ်းချမ်းအောင်မြေကျောင်းတိုက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ ပေါ်ဦးပေါ်ဖျား ရာသီပေါ်ဒူးရင်းသီးများ ဈေးကောင်းရရှိ

ပြည်တွင်း

22/04/24

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ဥယျာဉ်ခြံလုပ်ကိုင်သူများသည် နှစ်ရှည်ပင်များနှင့် ရာသီပေါ်သီးနှံပင်များ စိုက်ပျိုးကြပြီး ယခုအချိန်ကာလတွင် ပေါ်ဦးပေါ်ဖျား ရာသီပေါ်ဒူးရင်းသီးများ စတင်ပေါ်ထွက်ချိန်ဖြစ်၍ တောင်သူများအနေဖြင့် ဒူးရင်းသီးများ ရောင်းချကြရာ ယခင်နှစ်ထက် ဈေးကောင်းရရှိသဖြင့် တောင်သူများ‌၏ မိသားစုစားဝတ်နေရေးအတွက် ပိုမိုဆင်ပြေလျက်ရှိကြောင်း ဒူးရင်းသီးရောင်းချသည့် တောင်သူ ဒေါ်တင်နုထံမှ သိရသည်။

သင်္ကြန်အပြီးကာလတွင် မန္တလေးဈေးကွက်အတွင်း ပြည်ပပို့ကုန် ပဲအမျိုးအစားများ အရောင်းအဝယ်‌ကောင်းနေ

ပြည်တွင်း

22/04/24

သင်္ကြန်အပြီးကာလ နှစ်သစ်အခါသမယတွင် မန္တလေးပဲဈေးကွက်၌ ပြည်ပပို့ကုန် ပဲအမျိုးအစားများ အရောင်းအဝယ်‌ကောင်းလျက်ရှိကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနား တက်ရောက်

ပြည်တွင်း

22/04/24

ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်း၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးကြီး သန်းနိုင်ညွှန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မကွေးတပ်နယ်အသီးသီးမှ အရာရှိစစ်သည်များ၊ မကွေးလေတပ်စခန်း ဌာနချုပ်မှ တာဝန်ရှိသူများ၊ အခြေခံလေကြောင်းလူငယ်သင်တန်း တက်ရောက်မည့် သင်တန်းသား သင်တန်းသူများနှင့် သင်တန်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

ဒေးဒရဲမြို့နယ်၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင် သင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေး

ပြည်တွင်း

22/04/24

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စာသင်ဝိုင်းများတွင် သင်ကြားနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင် စာသင်ကြားနေခြင်းအား လိုက်လံကြည့်ရှုအားပေး

ပြည်တွင်း

22/04/24

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့သည် ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်နေသော စာသင်ဝိုင်းများတွင် စာသင်ကြားနေမှုကို ယနေ့နံနက် ၉ နာရီက မြို့နယ်အတွင်းရှိ စာသင်ဝိုင်းများသို့ လိုက်လံကြည့်ရှုအားပေးခဲ့​သည်။

အဖတ်များဆုံး သတင်း