Latest News
နောက်ဆုံးရသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်
12/02/24
ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် (၃)ဒီဂရီစင်တီဂရိတ်၊ ပူတာအိုမြို့၊ နမ့်စန်မြို့(ရှမ်းပြည်နယ်တောင်ပိုင်း)၊ ဟဲဟိုးမြို့နှင့် မိုင်းယန်းမြို့တို့တွင် (၆)ဒီဂရီစင်တီဂရိတ်စီ၊ ကျောက်မဲမြို့နှင့် လွိုင်လင်မြို့တို့တွင် (၇)ဒီဂရီစင်တီဂရိတ်စီနှင့် တီးတိန်မြို့၊ ပြင်ဦးလွင်မြို့နှင့် မိုးကုတ်မြို့တို့တွင် (၈)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာမိုးရေချိန်မှာ ကော့သောင်းမြို့တွင် (၀.၅၅)လက်မ ဖြစ်ပါသည်။
ကွန်ဟိန်းမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ
12/02/24
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မဟာကမ္ဘောဇပြည်ငြိမ်းအေးစေတီတော်၊ တောင်ဘက်မုခ် ရင်ပြင်တော်ခြေရင်း၌ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၅ နာရီခွဲက ကျင်းပပြုလုပ်ရာ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အလံကို အလံတိုင်ထိပ်သို့ လွှင့်တင်ပြီး နိုင်ငံတော်အလံအား အလေးပြုခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ
12/02/24
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီ(၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို မြို့နယ်အားကစားကွင်းတွင် ဖေဖော်ဝါရီ ၁၂ ရက် နံနက်၇နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဇလွန်မြို့နယ်၌ လယ်ယာမြေ ဧက ၆၅၀ ကျော်ကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ် နေမှု စစ်ဆေး
12/02/24
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ဇလွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရိုးကြီး-ကျားကူး ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို ဖေဖော်ဝါရီ ၁၂ ရက်နံနက်ပိုင်းတွင် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
12/02/24
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
ညောင်တုန်းမြို့နယ်တွင် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပ
12/02/24
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းက မြို့တော်ခန်းမရှေ့၌ ကျင်းပခဲ့သည်။
တောင်ငူမြို့၌ (၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ
12/02/24
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ (၇၇)ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် (၅:၃၀) နာရီအချိန်က မိုင်ဒါကွင်းရှိ လွတ်လပ်ရေးကျောက်တိုင်တွင် ကျင်းပရာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများက နိုင်ငံတော်အလံအား အလေးပြုကြသည်။
တာချီလိတ်မြို့၌ (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်ခြင်းနှင့်သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ
12/02/24
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်ခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ထူးချွန်ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းက အောင်မြတ်ခန်းမတွင် ကျင်းပခဲ့သည်။
အဖတ်များဆုံး သတင်း
- 6/Jul/2026