Latest News
နောက်ဆုံးရသတင်းများ
“ စီးပွားရေးစာချုပ်စာတမ်းများအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် အသိပညာမျှဝေ ဆွေးနွေးပွဲကျင်းပ
17/08/23
နေပြည်တော် ဩဂုတ် ၁၇
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၃၂) ကို “ စီးပွားရေး စာချုပ်စာတမ်း များအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ယနေ့ မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။
နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့၊ သုခဝိဟာရသရက်ကုန်းကျောင်းတိုက် ပဓာနနာ ယကဆရာတော်ထံမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဩဝါဒခံယူပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
17/08/23
နေပြည်တော် ဩဂုတ် ၁၇
နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့ သုခဝိဟာရသရက်ကုန်း ကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ မဟာထေရ်မြတ်ကြီး အား နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ သုခဝိဟာရသရက်ကုန်းကျောင်းတိုက်သို့ သွားရောက်ဖူးမြော်၍ ဩဝါဒကထာ နာယူကြည်ညိုသည်။
အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption_ ASEAN-PAC) ၏ ၁၉ ကြိမ်မြောက် ရုံးအဖွဲ့ အစည်းအဝေးသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့တက်ရောက်
17/08/23
နေပြည်တော် ဩဂုတ် ၁၇
အာဆီယံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ASEAN Parties Against Corruption_ASEAN-PAC) ၏ ၁၉ ကြိမ်မြောက် ရုံးအဖွဲ့ အစည်းအဝေးကို ဩဂုတ် ၁၆ ရက်မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ယိမြို့ရှိ Sofitel Angkor Phokeethra Golf & Spa Resort ဟိုတယ်တွင် ကျင်းပသည်။
(၇) ကြိမ်မြောက် တရုတ် - တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်-သွင်းကုန် ကုန်စည်ပြပွဲ ဒုတိယနေ့တွင် မြန်မာနိုင်ငံမှ ဆက်လက်ပါဝင်ပြသ
17/08/23
နေပြည်တော် ဩဂုတ် ၁၇
(၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ် မြောက်တရုတ် (ကူမင်း) ပို့ကုန်-သွင်းကုန်ကုန်စည်ပြပွဲ ဒုတိယနေ့ကို ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဆက်လက်ကျင်းပပြီး မြန်မာနိုင်ငံပြခန်းဆောင်၌ ယဉ်ကျေးမှု အကပဒေသာများဖြင့် ဖျော်ဖြေခဲ့ရာ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။