Latest News
နောက်ဆုံးရသတင်းများ
သတ္တုလုပ်ငန်းရှင်များနှင့် သံရည်ကျိုပုံလောင်းလုပ်ငန်းရှင်များ လိုအပ်လျက်ရှိသော ကုန်ကြမ်းပစ္စည်းများ ပံ့ပိုးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
15/08/23
နေပြည်တော် ဩဂုတ် ၁၅
သတ္တုလုပ်ငန်းရှင်များနှင့် သံရည်ကျိုပုံလောင်းလုပ်ငန်းရှင်များ လိုအပ်လျက်ရှိသော ကုန်ကြမ်းပစ္စည်းများပံ့ပိုးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Martin Griffiths ကိုလက်ခံတွေ့ဆုံ
15/08/23
နေပြည်တော် ဩဂုတ် ၁၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း သည် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Martin Griffiths ဦးဆောင်သောအဖွဲ့ ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်း အမှတ်စဉ်(၂၁) သင်တန်းသား/သင်တန်းသူများနှင့်တွေ့ဆုံ
15/08/23
နေပြည်တော် ဩဂုတ် ၁၅
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ သည် ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်း အမှတ်စဉ်(၂၁) သင်တန်းသား/ သင်တန်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(B)ရုံ၌ ကျင်းပသည်။
အမျိုးသား မြေဥပဒေ ရေးဆွဲပြုစုရေး အထောက်အကူပြု လုပ်ငန်းအဖွဲ့ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ
15/08/23
နေပြည်တော် ဩဂုတ် ၁၅
လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိ
15/08/23
နေပြည်တော် ဩဂုတ် ၁၅
ဖားကန့်မြို့နယ်၊ မနမှော်တွင် မြေပြိုကျခဲ့မှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ရုပ်အလောင်း ၁၅ လောင်း တွေ့ရှိ
15/08/23
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်၊ မနကျေးရွာရှိ မျိုးနွယ်ကုမ္ပဏီ လုပ်ကွက်ကျင်းဟောင်း ရေကန်တွင် ဩဂုတ် ၁၃ ရက် ညနေ ၄ နာရီခန့်က ................
မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၁၅.၈.၂၀၂၃) ရက်နေ့တွင် ရေကြီးမှုအခြေအနေသတင်း
15/08/23
Credit>မိုး/ဇလ