Latest News
နောက်ဆုံးရသတင်းများ
တာချီလိတ်မြို့၌ ဖမ်းဆီးရမိသည့် မော်တော်ဆိုင်ကယ် ပါဝါအိတ်ဇောများ ဖျက်ဆီး
24/12/22
တာချီလိတ် ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် စက်သံဆူညံစွာ တပ်ဆင်မောင်းနှင့်သော မော်တော် ဆိုင်ကယ်များမှ သိမ်းဆည်းထိန်းသိမ်းထားရှိသည့် ပါဝါအိတ်ဇောများ ဖျက်ဆီးခြင်းကို ခရိုင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက ခရိုင်စုပေါင်းရုံးရှေ့၊ ဗိုလ်ချုပ် လမ်းမပေါ်၌ ပြုလုပ်ခဲ့သည်။
ပုဂံညောင်ဦးရှိ ဘုရားစေတီပုထိုးများ၌ ပြည်တွင်းဘုရားဖူးခရီးသွားဧည့်သည်များ စည်ကား
24/12/22
ညောင်ဦး ဒီဇင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားများနှင့် နေရာအနှံ့အပြားရှိ ဘုရားစေတီပုထိုးများတွင် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက ပြည်တွင်းဘုရားဖူး ခရီးသွားဧည့်သည်များ စည်ကားလျက်ရှိကြောင်း သိရသည်။
တောင်ကြီးမြို့၌ လူထုစုပေါင်းလမ်းလျှောက်ပွဲနှ င့်အားကစားပြိုင်ပွဲ ကျင်းပ
24/12/22
တောင်ကြီး ဒီဇင်ဘာ ၂၄
ဒီဇင်ဘာလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲကို ဒီဇင်ဘာ၂၄ ရက် နံနက်ပိုင်းက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
ရန်ကုန်မြို့၌ ဒီဇင်ဘာအားကစားလ(စတုတ္တပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲ ဆင်နွှဲ
24/12/22
ရန်ကုန် ဒီဇင်ဘာ ၂၄
စစ်တွေမြို့၌ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
24/12/22
စစ်တွေ ဒီဇင်ဘာ ၂၄
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရှုခင်းသာလမ်းဆုံရှေ့၌ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ရိုးရာဓလေ့ကို ဖော်ကျူးသည့်အနေဖြင့် နွားလှည်းတန်းဖြင့် ရွှေစက်တော်သို့ ဘုရားဖူးထွက်မည်
24/12/22
မင်းဘူး ဒီဇင်ဘာ ၂၄