Latest News

Latest News

လက်ပံတန်းမြို့ နယ် လွှစင်ကုန်းကျေးရွာ၌ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးဖွင့်ပွဲကျင်းပ

ပြည်တွင်း

08/01/22

လက်ပံတန်း   ဇန်နဝါရီ   ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် သိုက်ဝါးချောင်းကျေးရွာအုပ်စု၊ လွှစင်ကုန်းကျေးရွာတွင် ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးဖွင့်ပွဲကို ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက လွှစင်ကုန်းကျေးရွာ လျှပ်စစ်ထရန်စဖော်မာရှေ့တွင် ပြုလုပ်ခဲ့သည်။

မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် မြန်မာနိုင်ငံသား ၂၂၁ ဦး ဆက်လက် ဝင်ရောက်

ပြည်တွင်း

08/01/22

မြဝတီ   ဇန်နဝါရီ    ၈

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်လက်ခံလျက်ရှိရာ ဇန်နဝါရီ ၈ ရက်တွင် ပြန်လည် ဝင်ရောက်လာသူ ၂၂၁ ဦး ရှိသည်။

ဒီပဲယင်းမြို့နယ်၌ သဖန်းဆိပ်ဆည်ရေဖြင့် နွေစပါး ဧက ၅၀၀၀၀နှင့် အခြားသီးနှံ ဧက ၇၅၀၀ စိုက်ပျိုးမည်

ပြည်တွင်း

08/01/22

ဒီပဲယင်း   ဇန်နဝါရီ   ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်တွင် သဖန်းဆိပ်ဆည်ရေဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် နွေစပါး ဧက ၅၀၀၀၀နှင့် အခြားသီးနှံ ဧက ၇၅၀၀ စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းထွန်းထံမှသိရသည်။

ပန်းတနော်မြို့၌ ပလတ်စတစ်အမှိုက်ကင်းစင်ရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ပြည်တွင်း

08/01/22

ပန်းတနော်   ဇန်နဝါရီ   ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ သန့်ရှင်းသာယာလှပပြီး ပလတ်စတစ်အမှိုက် ကင်းစင်စေရေးအတွက် မြို့ဝင်/မြို့ထွက် ရန်ကုန်-ပုသိမ်ကားလမ်း ဘေးဝဲ/ ယာတို့တွင် ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။

ကျိုင်းတုံမြို့ရှိ ကျိုင်းဖောင်းရေပူစမ်း၍ လာရောက်အပန်းဖြေ လည်ပတ်သူများဖြင့် စည်ကား

ပြည်တွင်း

08/01/22

ကျိုင်းတုံ   ဇန်နဝါရီ    ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ကျိုင်းဖောင်းရေပူစမ်း၌ ဆောင်ရာသီကာလ ယခုအပတ်အတွင်း လာရောက်အပန်းဖြေ လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မိုးညှင်းတက္ကသိုလ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် နေ့သင်တန်းများ ဖွင့်လှစ်

ပြည်တွင်း

08/01/22

မိုးညှင်း   ဇန်နဝါရီ    ၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် နေ့သင်တန်းများကို ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဘားအံပညာရေးဒီဂရီကောလိပ်၌ သင်တန်းသူအိပ်ဆောင် ပန္နက်တင်မင်္ဂလာကျင်းပ

ပြည်တွင်း

08/01/22

ဘားအံ   ဇန်နဝါရီ   ၈

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ဘားအံပညာရေးဒီဂရီကောလိပ်၏ သင်တန်းသူ ၂၀၀ ဆံ့ (၁၇၉ ပေ x ၃၆ ပေ) RCC လေးထပ်အိပ်ဆောင် တစ်ဆောင်ဆောက်လုပ်ခြင်း ပန္နတင်မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက အဆိုပါအဆောက်အအုံ ဆောက်လုပ်မည့်မြေနေရာ၌ ကျင်းပသည်။

အဖတ်များဆုံး သတင်း