Latest News

Latest News

နွားထိုးကြီးတွင် ငါးဈေးချို၍ ဒေသခံတွေ ဝမ်းသာ

ပြည်တွင်း

08/01/22

နွားထိုးကြီး   ဇန်နဝါရီ   ၈

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးစည်ပင်သာယာဈေးကြီးတွင် ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ငါးများ အဆမတန်ဈေးမြှင့်ရောင်းချနေရာမှ မွေးမြူရေးငါးဒိုင်များ ရောက်လာပြီး ငါးတစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀ မှ ၇၀၀၀ အတွင်း ဈေးနှုန်းသက်သာစွာ ရောင်းချပေး၍ မြို့ခံပြည်သူများ ဝမ်းသာလျက်ရှိသည်။

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာ

ပြည်တွင်း

08/01/22

နေပြည်တော်   ဇန်နဝါရီ   ၈

နေပြည်တော်၌ အလုပ်သဘော ခရီးရောက်ရှိနေသည့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်သည်။

ကျောက်ဆည်မြို့နယ်၌ သီးနှံမျိုးစုံ ၉၅၇၃ ဧက ရေပေးဝေနေသည့် မင်းရဲမြောင်း ရေတံခါးအဆောက်အအုံအား ပြန်လည်ပြုပြင်

ပြည်တွင်း

08/01/22

ကျောက်ဆည်   ဇန်နဝါရီ   ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ ၉၅၇၃ ဧက ရေပေးဝေနေသည့် မင်းရဲမြောင်း ရေတံခါး အဆောက်အအုံအား ၂၀၂၁-၂၀၂၂  ဘဏ္ဍာနှစ်တွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူပြီး ပြန်လည်ပြုပြင်လျက်ရှိသည်။

အဖတ်များဆုံး သတင်း