ခင်ဦး ၂၉  ဇွန် 

 

မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ လောင်းရှည်ကျေးရွာ ဘုရားဝင်းအတွင်းတွင် ဆန်ကော၊ ဆန်ခါခုံးရက်လုပ် ပြိုင်ပွဲကို ဇွန်လ ၂၉ ရက် နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဒုံစေ့က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင်အမျိုးသမီးများက ဆန်ကော၊ ဆန်ခါခုံးများကို ရက်လုပ်ယှဉ်ပြိုင်ကြရာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် ကျေးရွာပြည်သူများ တက်ရောက်အားပေးကြသည်။ ဆက်လက်ပြီး ဆန်ကော၊ ဆန်ခါခုံးရက်လုပ်ပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့သည်။

 

အဆိုပါပြိုင်ပွဲတွင် ဆန်ကောရက်လုပ်ပြိုင်ပွဲဝင်သူ (၇) ဦး၊ ဆန်ခါခုံးရက်လုပ်ပြိုင်ပွဲ ဝင်သူ (၇) ဦး စုစုပေါင်း (၁၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

 

စိုးဝေအောင်(ခင်ဦး)