အောင်လံ ၃၀ မေ


သရက်ခရိုင် အောင်လံမြို့နယ်တွင် မေ ၂၈ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ထောက်ပံ့မှုများကို မေလ (၃၀) ရက်နေ့  နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။


ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ကျေးရွာ(၃)ရွာမှ အမိုးလန်ပျက်စီးခဲ့သော ဘုန်းကြီးကျောင်း (၂)ကျောင်း၊ နေအိမ်(၁၆)လုံး၊ အိမ်ထောင်စု (၁၆)စု လူဦးရေ (၆၂)ဦးတို့အတွက် ဆန်ရိက္ခာ တစ်ပတ်စာနှင့် အိမ်/ကျောင်းပြင်ဆင်ဆောက်လုပ်ရန်ပစ္စည်းဖိုး စုစုပေါင်းငွေကျပ် ၄၉၀၂၀ဝ ကို ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်   ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ ထံပေးအပ်ခဲ့ကြောင်း သိရသည်။


သိန်းလွင်(အောင်လံ)