ရန်ကုန် ၁၇ မေ
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံခန့်ခွဲဝန်ဆောင်မှုပေးလျက်ရှိသော Yangon Aerodrome Company Limited သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် လုပ်ငန်းလည်ပတ်မှုအဆင်ပြေချောမွေ့စေရေးအတွက် ရည်ရွယ်၍ နှစ်ပတ်အတွင်းပြုလုပ်သည့် Foreign Object Debris (FOD) campaign လှုပ်ရှားမှုကို ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ပါသည်။
အဆိုပါလှုပ်ရှားမှုသည် လေဆိပ်အတွင်းရှိ လေယာဉ်များဆိုက်ကပ်ရာ လုပ်ငန်းခွင်၌ လေယာဉ်နှင့် ဝန်ထမ်းများ မတော်တဆ ထိခိုက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေးကို လှုံ့ဆော်သည့် လှုပ်ရှားမှုဖြစ်ပါသည်။ အဆိုပါလှုပ်ရှားမှုများကို FOD ၏ ဘေးအန္တရာယ်ဆိုးကျိုးများအား ဝန်ထမ်းများ သတိပြုမိနိုင်စေရန် ရည်ရွယ်၍ ၂၀၁၉ ခုနှစ်၊ မေလအတွင်း နှစ်ကြိမ်ပြုလုပ်ခဲ့ပါပြီးဖြစ်ပါကြောင်း သိရသည်။
မျိုးမင်းသိန်း(မရမ်းကုန်း)