ပုသိမ်   ဇန်နဝါရီ   ၁၈

၂၀၂၂ ခုနှစ် ဧရာဝတီတိုင်းဒေသကြီး လှေလှော်အသင်း လက်ရေစစ်ပြိုင်ပွဲနှင့် လျှပ်တစ်ပြက် ဖိတ်ခေါ်လက်ရေစစ် လှေလှော်ပြိုင်ပွဲတို့တွင် အောင်မြင်မှုရရှိခဲ့သော တိုင်းဒေသကြီး လက်ရွေးစင် ဟောင်းများအသင်းအား ဂုဏ်ပြုပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက ပုသိမ်မြို့ ကန်သုံးဆင့်(Royal Lake)၌ ကျင်းပသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် လှေလှော်အသင်းများမှ နည်းပြများနှင့် ကစားသမားများ တက်ရောက်ကြသည်။ ရှေးဦးစွာ အမျိုးသမီး မီတာ ၂၀၀ (၇)တက် ငါးမြွေထိုး လှေလှော်ပြိုင်ပွဲကို ပြုလုပ်ရာ တိုင်းဒေသကြီး အသက် ၂၃ နှစ်အောက်အသင်းနှင့် လက်ရွေးစင်ဟောင်းများအသင်းတို့ ယှဉ်ပြိုင်ကြရာ U-23 အသင်းက ၅၅ ဒသမ ၀၉ စက္ကန်ဖြင့် အနိုင်ရရှိခဲ့ပြီး ဒုတိယပွဲစဉ်တွင် U-23 (က)အသင်းနှင့် (ခ)အသင်းတို့ ယှဉ်ပြိုင်ကစားရာ U-23(က)အသင်းက ၅၇ ဒသမ ၆၂ စက္ကန့်ဖြင့်လည်းကောင်း၊ U-23 အမျိုးသမီး မီတာ ၂၀၀ (၁၀)တက်နဂါးလှေလှော်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး U-23 အသင်းနှင့် လက်ရွေးစင်ဟောင်းများ အသင်းတို့ ယှဉ်ပြိုင်ကြပြီး ဂုဏ်ပြုပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်သည်။

လျှပ်တစ်ပြက် ဖိတ်ခေါ်လက်ရေစစ်ပြိုင်ပွဲတွင် ရရှိခဲ့သည့် တံခွန်စိုက်ဆုဖလားအား ဝန်ကြီးချုပ်ထံ အပ်နှံခဲ့ပြီး ဝန်ကြီးချုပ်က လက်ရွေးစင်ဟောင်းများ လှေလှော်အသင်းနှင့် U-23 လှေလှော်အသင်းတို့အား ဂုဏ်ပြုထောက်ပံငွေ စုစုပေါင်း ငွေကျပ် ၃၆ သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)