လေးမျက်နှာ ဇွန် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဇွန် ၃ ရက်မှစ၍ ကျောင်းများစတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည်။
လေးမျက်နှာမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၇၇)ကျောင်းရှိရာ အ.ထ.ကကျောင်း (၈)ကျောင်း၊ အ.ထ.က(ခွဲ)ကျောင်း (၁၂)ကျောင်း၊ အ.လ.ကကျောင်း (၈)ကျောင်း၊ အ.လ.က(ခွဲ)ကျောင်း (၈)ကျောင်း၊ အ.မ.ကမူလွန်ကျောင်း (၄)ကျောင်း၊ အ.မ.ကကျောင်း (၁၂၈)ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်းခွဲ (၇)ကျောင်း၊ ဘုန်းတော်ကြီးသင် မူလတန်းကျောင်း (၁)ကျောင်းတို့တွင် စတင်ဖွင့်လှစ်၍ ပညာသင်ကြားလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ဆောင်ရွက်ပေးကာ ယနေ့အချိန်ထိ တစ်မြို့နယ်လုံး ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)