လေးမျက်နှာ နိုဝင်ဘာ ၂၃

 

ဧရာဝတီတိုင်းဒေသကြီး၊  လေးမျက်နှာမြို့နယ် သုံးဆက်ကျေးရွာအုပ်စု သခွားကုန်းကျေးရွာတွင် ၂၀၂၁-၂၀၂၂ ခုနှစ် ဆောင်းသီးနှံမတ်ပဲ(‌ရေဆင်း-၂) စံပြကွက်စိုက်ပျိူးခြင်းနှင့် တောင်သူနည်းပညာပေး ကွင်းသရုပ်ပြပွဲကို  ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

 

လေးမျက်နှာမြို့နယ်  စိုက်ပျိူးရေးဦးစီးဌာနအနေဖြင့်  မြို့နယ်အတွင်းရှိ  တောင်သူလယ်သမားများ၏  လူမှု့ဘဝ တိုးတက်မြှင့်မားစေရန်၊  စိုက်ပျိူး‌ရေးလုပ်ငန်းမှ ဝင်ငွေများတိုးပွားရရှိစေရန် ရည်ရွယ်၍  စိုက်ပျိူးမြေများတွင်  နည်ပညာများ ပံ့ပိုးကူညီလျက်ရှိပြီး  ယနေ့တွင် သုံးဆက်ကျေးရွာအုပ်စု၊  သခွားကုန်းကျေးရွာရှိ  တောင်သူ ဦးသန်းထိုက်  ကွင်းအမှတ်(၁၂၀၅)၊  ဦးပိုင်အမှတ်(၄၅)လယ်မြေတွင်  ၂၀၂၁-၂၀၂၂ ခုနှစ် ဆောင်းသီးနှံ မတ်ပဲ(‌ရေဆင်း-၂) စံပြကွက်စိုက်ပျိူးခြင်းနှင့် တောင်သူနည်းပညာပေး ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။

 

ကျော်ဟိန်း(ပြန်/ဆက်)