လေးမျက်နှာ နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် သုံးဆက်ကျေးရွာအုပ်စု သခွားကုန်းကျေးရွာတွင် ၂၀၂၁-၂၀၂၂ ခုနှစ် ဆောင်းသီးနှံမတ်ပဲ(ရေဆင်း-၂) စံပြကွက်စိုက်ပျိူးခြင်းနှင့် တောင်သူနည်းပညာပေး ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
လေးမျက်နှာမြို့နယ် စိုက်ပျိူးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများ၏ လူမှု့ဘဝ တိုးတက်မြှင့်မားစေရန်၊ စိုက်ပျိူးရေးလုပ်ငန်းမှ ဝင်ငွေများတိုးပွားရရှိစေရန် ရည်ရွယ်၍ စိုက်ပျိူးမြေများတွင် နည်ပညာများ ပံ့ပိုးကူညီလျက်ရှိပြီး ယနေ့တွင် သုံးဆက်ကျေးရွာအုပ်စု၊ သခွားကုန်းကျေးရွာရှိ တောင်သူ ဦးသန်းထိုက် ကွင်းအမှတ်(၁၂၀၅)၊ ဦးပိုင်အမှတ်(၄၅)လယ်မြေတွင် ၂၀၂၁-၂၀၂၂ ခုနှစ် ဆောင်းသီးနှံ မတ်ပဲ(ရေဆင်း-၂) စံပြကွက်စိုက်ပျိူးခြင်းနှင့် တောင်သူနည်းပညာပေး ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။
ကျော်ဟိန်း(ပြန်/ဆက်)


