လေးမျက်နှာ   ၄  စက်တင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို စက်တင်ဘာ ၂ ရက်မှ စတင်၍ လေးမျက်နှာမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးနှင့် လေးမျက်နှာမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထား ကြေညာထားသည်။

 

လေးမျက်နှာမြို့နယ်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း (၇)ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၅)ဦး၊ လေးမျက်နှာမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း (၆)ဦး၊ လေးမျက်နှာမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း (၅)ဦးရှိပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း နေရာများတွင် နိုင်ငံရေးပါတီ (၆)ခုမှ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး တစ်သီး ပုဂ္ဂလပါဝင်ယှဉ်သူ ကိုယ်စားလှယ်လောင်း တစ်ဦးရှိကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)