လေးမျက်နှာ ၅  နိုဝင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌  ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများတွင် အသုံးပြုရန်  ဆန္ဒပြုမဲလက်မှတ်များကို    ယမန်နေ့နံနက်ပိုင်းမှစ၍    မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင်  စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ဆန္ဒပြုမဲလက်မှတ်များ ထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်ကြင်ဌေး ကြီးကြပ်ပြီး မြို့နယ်ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို ဆန္ဒပြုမဲလက်မှတ်များ ထုတ်ပေးခဲ့ ကြောင်း သိရသည်။

 

လေးမျက်နှာမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၄၈)အုပ်စုမှ အသက် (၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့် ရှိသူ ဒုတိယအကြိမ်မဲဆန္ဒရှင် စာရင်းများအရ (၈၃၂၇၇)ဦးရှိပြီး မဲရုံပေါင်း (၁၈၈)ရုံ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)