လေးမျက်နှာ ၃ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အဆင်ပြေချောမွေ့စွာ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် စီစဉ်ထားသော မဲရုံများအား မီးဘေးအန္တရာယ် လုံခြုံရေးအတွက် ဟင်္သာတခရိုင် မီးသတ်ဦးစီးမှူး လ/ထညွှန်ကြားရေးမှူး ဦးစိုးနောင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက် ၉ နာရီ အချိန်တွင် ကွင်းဆင်း စစ်ဆေးသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အဆင်ပြေချောမွေ့စွာ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန် စီစဉ်ထားသော မဲရုံများတွင် မတော်တဆ ဖြစ်ပွားတတ်သော မီးဘေးအန္တရာယ်နှင့် လျှပ်စစ်ဝါယာရှော့မှတစ်ဆင့် ဖြစ်ပွားတတ်သော မီးဘေးအန္တရာယ်တို့ ဖြစ်ပွားလာပါက အချိန်မီ ငြိှမ်းသတ်နိုင်ရန် စီစဉ်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ဟင်္သာတခရိုင် မီးသတ်ဦးစီးမှူး လ/ထညွှန်ကြားရေးမှူး ဦးစိုးနောင်မှ လေးမျက်နှာမြို့နယ်အတွင်းရှိ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင် များနှင့်တွေ့ဆုံပြီး ဆန္ဒမဲပေးသည့် ကာလအတွင်း မီးဘေးလုံခြုံရေး ကိစ္စ/ရွေးထုတ်ကယ်ဆယ်ရေး ကိစ္စရပ်များ အထူးအလေးထား ဆောင်ရွက်ကြရန်နှင့် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များအား Mask များပေးအပ်ပြီး လေးမျက်နာမြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့၊ မြို့နယ်ထွေအုပ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လျှပ်စစ်၊ မြို့နယ်စည်ပင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကြက်ခြေနီတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ဆန္ဒမဲပေးရန် အသုံးပြုမည့် မဲရုံများအား မီးဘေးကြိုတင် ကာကွယ်ရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)