လေးမျက်နှာ ၂၁ အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းကို ယနေ့နံနက် (၉)နာရီက လေးမျက်နှာမြို့နယ် အ.ထ.ကအိုင်သပြုနှင့် အ.လ.ကအချုပ်ကလေးတို့တွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးဝင်းမောင်က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး အတွင်းရေးမှူးဦးအောင်ကျော်မိုးက သင်တန်းတွင်ပို့ချသွားမည့် ဘာသာရပ်များနှင့် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ခရိုင်ရွေးကောက်ပွဲ သင်တန်းနည်းပြ(၄)ဦးနှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များက သင်တန်းကို ဆက်လက်ပို့ချခဲ့ရာ  သင်တန်းတွင် မဲရုံမှူး၊ မဲရုံအဖွဲ့၀င်များခန့်ထားခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ မဲရလဒ်များ ထုတ်ပြန်ကြေညာခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များနှင့် တရားမဲ့ပြုကျင့်မှုများ၊ ရွေးကောက်ပွဲဆိုင်ရာ ပုံစံဖြည့်သွင်းခြင်း၊ ပြုစုခြင်းနှင့်လုံခြုံရေး အိတ်များထုတ်ပိုးခြင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေးလုပ်ငန်းတာ၀န်များ၊ ပြန်လည်ဆွေးနွေးခြင်းများဖြင့် သင်တန်းကို ပို့ချသွားမည် ဖြစ်ကြောင်းနှင့် သင်တန်းတွင် ရပ်ကွက်/ကျေးရွာအုပ်စုရှိမဲရုံ (၁၈၈) ရုံမှ မဲရုံမှူး၊ ဒုမဲရုံးမှူးနှင့် မဲရုံအဖွဲ့ဝင် သင်တန်းသား/သင်တန်းသူ (၂၂၈၈) ဦးတို့အား အောက်တိုဘာလ၂၀ရက်နေ့မှ အောက်တိုဘာလ ၂၅ ရက်နေ့အထိ ပို့ချသင်ကြားသွားမည် ဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

 

ကျော်ဟိန်း(ပြန်/ဆက်)