လေးမျက်နှာ ၁၈ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက် နှာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားရာ သီဉတု ပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်သော စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်း၊ စီမံကိန်း အကောင်ထည် ဖော်မည့်သူများအား မီးဖိုပေးအပ်ပွဲကို လဟာကြီးကျေးရွာအုပ်စု၊ ဆင်ကူးကျေး ရွာတွင် ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဒုဦးစီးမှူး နော်တပိုးတာက စီမံကိန်းလုပ်ငန်းအကြောင်းနှင့် မီးဖိုသုံးစွဲနည်းအား ရှင်းလင်းပြောကြားသည်။
စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းကို လျှပ်စစ်မီးမရရှိသေးသည့် လေးမျက်နှာမြို့နယ် လဟာကြီးကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စု (၄၇၇) စုအတွက် မီးဖိုအလုံး ၄၇၇ လုံးကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌနမှ ဒု-ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး၊ လေးမျက်နှာမြို့နယ် အတွင်းကျန်ရှိနေသေးသည့် ကျေးရွာ အုပ်စု (၂၁) အုပ်စု၊ ကျေးရွာခွဲ (၁၀၅) ရွာအတွက် စွမ်းအားမြှင့်မီးဖို အလုံး ၉၀ဝ၀ ကို ဖေဖော်ဝါရီလအတွင်း ဖြန့်ဖြူးပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ရွှေမိုး(ပြန်ဆက်)


