လေးမျက်နှာ ၁၈   ဖေဖော်ဝါရီ    

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက် နှာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားရာ သီဉတု ပြောင်းလဲမှု ဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်သော စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်း၊ စီမံကိန်း အကောင်ထည် ဖော်မည့်သူများအား မီးဖိုပေးအပ်ပွဲကို လဟာကြီးကျေးရွာအုပ်စု၊ ဆင်ကူးကျေး ရွာတွင် ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။

 

852

 

ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးခိုင်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဒုဦးစီးမှူး နော်တပိုးတာက စီမံကိန်းလုပ်ငန်းအကြောင်းနှင့် မီးဖိုသုံးစွဲနည်းအား ရှင်းလင်းပြောကြားသည်။

 

စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းကို လျှပ်စစ်မီးမရရှိ‌သေးသည့် လေးမျက်နှာမြို့နယ် လဟာကြီး‌ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စု (၄၇၇) စုအတွက် မီးဖိုအလုံး ၄၇၇ လုံးကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌနမှ ဒု-ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး၊ လေးမျက်နှာမြို့နယ် အတွင်းကျန်ရှိ‌နေ‌သေးသည့် ကျေးရွာ အုပ်စု (၂၁) အုပ်စု၊ ကျေးရွာခွဲ (၁၀၅) ရွာအတွက် စွမ်းအားမြှင့်မီးဖို အလုံး ၉၀ဝ၀ ကို ဖေဖော်ဝါရီလအတွင်း ဖြန့်ဖြူးပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

 

ရွှေမိုး(ပြန်ဆက်)