လေးမျက်နှာ   ၁၆   နိုဝင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က သံသရာ ငြိမ်းအေးစတုမုခဇေယျသိဒ္ဓိ စေတီတော်မြတ်ကြီးဝန်းအတွင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းကမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သောကြောင့် ရွေးကောက်ပွဲ အောင်မြင်စွာပြီးဆုံးခဲ့သဖြင့် အထူးပင်ကျေးဇူးရှိကြောင်းနှင့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်ဆွေသိန်းက လေးမျက်နှာမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်၍ မြို့နယ် အတွင်းရှိ မဲရုံများ လုံခြုံရေးအတွက် မြို့နယ် ရဲတပ်ဖွဲ့ ဝင်များနှင့် အထူးရဲတပ်ဖွဲ့ဝင်များအား တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြို့နယ် အတွင်းရှိ မဲရုံ(၁၈၈)ရုံ၌ လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင်(၁၈၈)ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဂုဏ်ပြု မှတ်တမ်းလွှာများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဝေဝေ(လေးမျက်နှာ)

 

mdn