သာပေါင်း ဇွန် ၁၂


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မရမ်းချိုကျေးရွာအုပ်စု၊ စိမ့်ကွင်းကျေးရွာတွင် ဇွန် ၁၂ ရက် နံနက် ၄ နာရီက လေပွေလေပြင်း တိုက်ခတ်မှုကြောင့် အခြေခံပညာ မူလတန်းကျောင်း (အလျား ပေ ၆၀၊ အနံ ပေ ၄၀) တစ်ထပ် အုပ်ညှပ်ဆောင်၏ သွပ်မိုး၊ ဒိုင်းတန်းများ လွင့်စင်ပြုတ်ထွက် ပျက်စီးခဲ့ကြောင်း သိရသည်။


အဆိုပါ အခြေခံပညာမူလတန်း (စိမ့်ကွင်း) တွင် တာဝန်ခံ ကျောင်းအုပ် (မူလတန်းပြ) ဆရာ ဦးကျော်ကျော်ဝင်းနှင့် ဆရာမ သုံးဦးတို့က စာသင်ကြားပေးလျက်ရှိပြီး အခြေခံပညာ ကျောင်းသား ကျောင်းသူ ၅၁ ဦးတို့ ပညာသင်ကြားလျက်ရှိသည်။

 

မျိုးဇော်သိန်း(ပြန်/ဆက်)