စလင်း   ၁၅   မေ 
    

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း မေလ ၁၃ ရက်က လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပြိုခြင်း၊ အမိုးလန်ခြင်းနှင့် ဘုန်းတော်ကြီးကျောင်းများ ပျက်စီးခဲ့သည့်အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနမှ ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲကို မေလ ၁၅ ရက်နေ့ နံနက် ၉:၃၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
    

ထိုပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းဆက်က ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး လေပြင်းတိုက်၍ပျက်စီးသွားသည့် ကျွန်းရင်းကျေးရွာအုပ်စုမှ ရွာသစ်ကျေးရွာနှင့် ပေါက်မကျေးရွာတို့မှ ဘုန်းတော်ကြီးကျောင်း(၄)ကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၄၀ဝ၀ဝ၀)၊ ပြိုကျလူနေအိမ်(၁)အိမ်အတွက် ငွေကျပ် ၁၀ဝ၀ဝ၀ နှင့် ပစ္စည်း (၁၅) မျိုး၊ အမိုးလန်အိမ်(၂၄) အိမ်အတွက် တစ်အိမ်လျှင်ငွေကျပ် ၅၀ဝ၀ဝ၊ လူတစ်ဦးလျှင်ငွေကျပ် ၂၁၀ဝနှုန်းဖြင့် လူဦးရေ(၁၁၁၆)ဦး အတွက် ငွေကျပ် (၂၄၃၆၀ဝ)၊ ရှရှားကျေးရွာအုပ်စု၊ ရှရှားကျေးရွာမှ အမိုးလန်လူနေအိမ်(၂)အိမ်အတွက် တစ်အိမ်လျှင် ငွေကျပ် (၅၀ဝ၀ဝ)၊ လူဦးရေ (၁၁) ဦးအတွက်ငွေကျပ် (၂၃၁၀ဝ) နှင့်ပစ္စည်း (၉)မျိုးနှင့် ညောင်လင်းဇင်းကျေးရွာအုပ်စု၊ လင်းဇင်းကျေးရွာမှ ပြိုကျလူနေအိမ်(၁)အိမ်အတွက် ငွေကျပ် (၁၀ဝ၀ဝ၀) နှင့်ပစ္စည်း (၁၅) မျိုး၊ အမိုးလန်အိမ်(၆)အိမ်အတွက် တစ်အိမ်လျှင်ငွေကျပ် (၅၀ဝ၀ဝ)၊ လူတစ်ဦးလျှင် (၂၁၀ဝ)ကျပ်နှုန်းဖြင့်လူဦးရေ (၃၂) ဦးအတွက် ငွေကျပ် (၆၇၂၀ဝ) နှင့် ပစ္စည်း(၉)မျိုးတို့ကို တာဝန်ရှိသူ များက ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ကိုယ်စားပေးအပ်ရာ ဖြစ်စဉ်အတွင်း ပါဝင်သောမိသားစုဝင်များက လက်ခံရယူခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရှိရသည်။


MDN

 

1