အုတ်ဖို ၁၁ မေ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ မြို့နယ်အတွင်း လေပြင်းတိုက်ခတ်ခံခဲ့ရသော ပြည်သူများအတွက် ဆန်ရိက္ခာ အိမ်ဆောက်ပစ္စည်းဖိုးများနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို မေလ ၁၀ ရက်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးက အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူးဦးမျိုးမင်းထက်က ကယ်ဆယ်ရေးပစ္စည်းထောက်ပံ့ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ (၈-၅-၂၀၁၉)ရက်နေ့က အုတ်ဖိုမြို့နယ် ကျေးရွာအုပ်စု(၅)အုပ်စုတွင် ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှုမှ ပြိုလဲနေအိမ်(၁၆)လုံး၊ အမိုးလန်ဘုန်းကြီးကျောင်း(၁)ကျောင်းနှင့် အမိုးလန်နေအိမ် (၁၂၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၇၀ဝ၈၂၅၀)ကျပ်နှင့် ပြိုလဲနေအိမ်(၁၆)လုံးရှိ လူဦးရေ(၄၄)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် (၉၂၄၀ဝ )ကျပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တစ်ကိုယ်ရည် ကျန်းမာရေးသုံး ပစ္စည်းများ(ဂျပန်နိုင်ငံထုတ်)လူသုံးကုန်ပစ္စည်း(၁၁)မျိုး တန်ဖိုး ငွေကျပ် (၁၇၈၀ဝ၀ )ခန့်တို့အား လူမှုရေးဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လေဘေးသင့်ပြည်သူများလက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူဆွေ(မြို့နယ်ပြန်/ဆက်)
