မိုင်းရယ် ၁၅ မေ


လားရှိုးခရိုင် မိုင်းရယ်မြို့နယ် မန်ဖျက်ကျေးရွာတွင် ယမန်နေ့  ညနေ ၄ နာရီ ၄၅ မိနစ်က လေပြင်းတိုက်ခတ်မှုကြောင့် ဇေယျမင်္ဂလာဘုန်းတော်ကြီး ကျောင်းဆောက်လုပ်ဆဲ အုတ်နံရံပြိုကျမှု ဖြစ်ပွားခဲ့သည်။


အဆိုပါ ဇေယျမင်္ဂလာဘုန်းတော်ကြီးကျောင်းမှာ နံကပ်(၁)ထပ် ပေ (၇၀x၄၀x၂၀) ဆောက်လုပ်ဆဲ ဖြစ်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် နံရံ(၂)ဘက်ပြိုကျမှုဖြစ်ပွားခဲ့ပြီး ဆောက်လုပ်ရေး အမျိုးသမီး အလုပ်သမား(၂)ဦးမှာ ထိခိုက်ပွန်းပဲ့ ဒဏ်ရာ(မစိုးရိမ်ရ) ရရှိပြီး မိုင်းရယ်မြို့ ပြည်သူ့ဆေးရုံသို့ တက်ရောက်ကုသမှုခံယူလျက်ရှိသည်။


ယင်းပြိုကျနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုခဲ့ပြီး ပြိုကျပျက်စီးအုတ်ပုံအား ကျေးရွာပြည်သူအင်အားဖြင့် ဖယ်ရှားပေးခဲ့ကြောင်း မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


MDN

 

1