လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သော လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

သာပေါင်း ဇူလိုင် ၁၆


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဘုရားနီးကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာ၊ ကျုံဒဒွန်းကျေးရွာအုပ်စု၊ ထန်းတပင်း‌ကျေးရွာအုပ်စု၊ ကျားရဲကျေးရွာအုပ်စု၊ မဏ္ဏိုင်‌ကျေးရွာ၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ စက်ဒေါင့်ကြီးကျေးရွာတို့တွင် ဇူလိုင် ၉၊ ၁၁၊ ၁၃၊ ၁၄ ရက်နေ့များက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြို (၃)လုံး၊ အမိုးလန် (၁)လုံး ပျက်စီး ခဲ့ရသည့် အိမ်တောင်စုများအား ဇူလိုင် ၁၅ ရက်က တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

 

ထိုသို့ပေးအပ်ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက လေဘေးသင့်အိမ်ထောင်စု (၄)စုရှိ လူဦးရေ(၂၀)ဦးအတွက် Surgical Mask (၄၀)ခု၊ ကယ်ဆယ် ရေးပစ္စည်း ၁၇/၁၆ မျိုးပါ(၃)ပုံး တန်ဖိုး(၁၄၅၆၀၈) ၊ဆန်ရိက္ခာ ၇ ရက်စာ ရန်ပုံငွေ (၄၂၀၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး (၃၃၀၀၀၀)ကျပ် စုစုပေါင်းရန်ပုံငွေ (၃၇၂၀၀)ကျပ် တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)