ကြို့ပင်ကောက်   ၉  အောက်တိုဘာ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် အောက်တိုဘာ ၈ ရက် ညနေ ၄ နာရီခွဲခန့်က လေပြင်းမျာ တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် သစ်ပင်များပြိုလဲမှုများ ဖြစ်ပွားခဲ့ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

 

ကြို့ပင်ကောက်မြို့ ကုန်းမြင့်ကျေးရွာ၊ သာယာကုန်းကျေးရွာ ရန်ကုန်ပြည်ကားလမ်းပေါ်သို့ သစ်ပင်များ လဲကျမှုဖြစ်ပွားခဲ့ရာ နာရီဝက်ခန့် လမ်းပိတ်ဆို့မှုဖြစ်ပွားခဲပြီး အချိန်မီရှင်းလင်းဖယ်ရှား ပေးခဲ့ကြောင်းနှင့် ဈေးချိုမြောက်ရပ်ကွက် ပွဲစာတန်းလမ်းနေ ဒေါ်စန်းနေအိမ်၏ ရှေ့မျက်နှာသာပေါ်သို့  ပိတောက်ပင် လဲကျမှု ဖြစ်ပွားခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များသွားရောက်ပြီး ဖယ်ရှားရှင်းလင်း ခဲ့ကြောင်း လေပြင်းတိုက်ခတ်မှုကြောင့် အောက်မျက်နီကွင်းကျေးရွာတွင် ပြိုလဲနေ အိမ်တစ်လုံး၊ ချောင်းနား ကျေးရွာတွင် အမိုးလန်နေအိမ်(၂)လုံးတို့ဖြစ်ပွားခဲ့ရာ ဆုံးရှုံးမှုတန်ဘိုး ငွေကျပ် ၄၄၀၀၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း လေဘေးသင့် ပြည်သူများအား နီးစပ်ရာဆွေမျိုးများ နေအိမ်တွင် ယာယီနေထိုင်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက် ပေးထားကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းအောင်က ပြောသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)