နမ္မတူ စက်တင်ဘာ ၁၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ နမ္မတူမြို့နယ်၌ စက်တင်ဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် လေပြင်း တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးခဲ့သော လူနေအိမ် (၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေနှင့် ဆန်ရိက္ခာဖိုးငွေများကို ယနေ့နံနက် ၉ နာရီက နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ် ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် မြို့နယ ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ အကြီးတန်းစာရေး ဒေါ်မြတ်သူနှင်းတို့က လေပြင်း တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် လုံးဝပျက်စီးခဲ့သည့် ဟူးဆာ ကျေးရွာအုပ်စု လုံဂျာကျေးရွာရှိ လူနေအိမ် (၁)လုံး၊ မိုင်းတက်ကျေးရွာအုပ်စု မိုင်းဆင်ကျေးရွာရှိ လူနေအိမ် (၂)လုံးတို့အတွက် တစ်အိမ်လျှင် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ ၂၀၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၆၀၀၀၀၀ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ ပလတ်စတစ်ပုံး (၃)ပုံးအား လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဟူးဆာကျေးရွာအုပ်စု လုံဂျာကျေးရွာရှိ လူနေအိမ် (၂)လုံး၊ ပန်လုံကျေးရွာအုပ်စု မန်ဆာကျေးရွာရှိ လူနေအိမ်(၄)လုံး၊ မိုင်းတက်ကျေးရွာအုပ်စု မိုင်းဆင် ကျေးရွာရှိ လူနေအိမ် (၄)လုံး စုစုပေါင်း လူနေအိမ် (၁၀)လုံးတို့အတွက် တစ်အိမ်လျှင် အိမ်ဆောက် ပစ္စည်းရန်ပုံငွေ ၅၀၀၀၀ ကျပ်နှုန်းဖြင့် ၅၀၀၀၀၀ ကျပ်အားလည်းကောင်း၊ စုစုပေါင်းအိမ်ထောင်စု (၁၃)စု လူဦးရေ (၈၉)ဦးတို့အတွက် တစ်ပတ်စာဆန်ဖိုးရိက္ခာငွေ ၁၈၆၉၀၀ ကျပ်နှင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၂၈၆၉၀၀ အား ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် နိုင်ရေး သက်ဆိုင်ရာ ကျွေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးများလက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
လူမော်(ပြန်/ဆက်)