မလှိုင်  ၁၆  မေ 

 

မလှိုင်မြို့နယ် ကုန်းတဲတောင်ရွာတွင် မေ ၁၅ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ဒေါ်တင်မြိုင်၏ ၁၂ x ၁၂ ပေ ပတ်လည် နေအိမ်အမိုးလန်ပျက်စီးသွားခဲ့ရာ ယနေ့ မွန်လွဲပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဒေါ်တင်မြိုင်မိသားစုအား ထောက်ပံ့ငွေများနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

ယင်းသို့ ထောက်ပံ့ရာတွင် ထောက်ပံ့ငွေကျပ် ၁၄၀ဝ၀ဝ ကျော်နှင့် ထောက်ပံ့ပစ္စည်း (၁၇) မျိုးတို့အား ထောက်ပံ့ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

 


ဘိုဘို(မလှိုင်)