လဟယ် ၄ နို၀င်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ရွေးကောက်ပွဲနေ့တွင် အသုံးပြုမည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးပစ္စည်းကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ပေးပို့လှူဒါန်းသော ပစ္စည်များအား လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက လဟယ်မြို့ မာလာတောင် အားကစားခန်းမ၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများမှာ လဟယ်မြို့နယ်အတွင်း မဲရုံပေါင်း(၁၀၅)ရုံအတွက် မဲရုံတစ်ရုံလျှင် မဲရုံအဖွဲ့၀င်များနှင့် Volunter များအတွက် N-95 mask (၂၉၁၅၂)ခု၊ Exam Glove(၆၃၀၀)ခု၊ Face shield (၅၂၅)ခုအပါ၀င် PPE level 2 ၀တ်စုံ (၂၁၀၀)၊ PPE Level 3 (၃၆၇၅)ခု ပါ၀င်ကြောင်း သိရသည်။
ယင်းပစ္စည်းကို စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီကိုယ်စား လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးရန်နိုင်ထွန်းက လဟယ် မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးညီညီထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းပစ္စည်းများကို လဟယ်မြို့နယ်အတွင်းရှိ မဲရုံပေါင်း(၁၀၅)ရုံကို ဆက်လက်ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။
မွှေးကြူဇင်


