လဟယ် ၂ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်တွင် လွှတ်တော်အသီးသီး၌ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းများကို ပြည်သူများသိရှိစေရန် နာဂဒေသရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကြေညာထားကြောင်း သိရသည်။
လဟယ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်အရွေးခံမည့် ပါတီ ငါးခုမှ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)မှ ငါးဦး၊ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)မှ ငါးဦး၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ငါးဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မှ ငါးဦး စုစုပေါင်း ၂၀ သည် နယ်မြေအလိုက် လွှတ်တော်အသီးသီး၌ ဝင်ရောက်အရွေးခံမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ လွှတ်တော်အသီးသီး၌ ပါဝင်ယှဉ်ပြိုင်အရွေးခံမည့် ပါတီ ငါးခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ နာဂအမျိုးသားပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့ဖြစ်ကြောင်း နာဂဒေသရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မွှေးကြူဇင်


