လဟယ် ၁၂ မေ
နာဂဒေသ လဟယ်မြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းကျင်းပသော သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပြည်သူများအား အသိပညာပေး ဟောပြောခြင်းကို မေ ၁၁ ရက် နံနက် ၉ နာရီက လဟယ်မြို့ မာလာတောင်အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ လဟယ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမျိုးညီညီက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇေယျမှ သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်သူဆွေမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ် စခန်းမှူး ဒုတိယရဲမှူးစိန်ရမှ သက်ငယ်မုဒိမ်းမှု ပြစ်မှုပြစ်ဒဏ်များနှင့် ပတ်သက်၍လည်းကောင်း၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်စိုးမိုးမှ မီးသတ်တပ်ဖွဲ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကိုလည်းကောင်း အသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် မီးဘေးကြိုတင်ကာကွယ်ရေး မီးသတ်ဆေးဘူးအသုံးပြုနည်းနှင့် မီးငြှိမ်းသတ်နည်းများကို လဟယ်မြို့လမ်းစုံ၌ လက်တွေ့သရုပ်ပြသခဲ့သည်။ အခမ်းအနားသို့ လဟယ်မြို့ပေါ်ရပ်ကွက် ၄ ရပ်ကွက်မှ ပြည်သူများနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
လဟယ် (ပြန်/ဆက်)