နေပြည်တော်၊ မတ် ၂၄
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံ၌တွေ့ရှိရသော လိပ်ပြာ မျိုးစိတ်အဖြစ် မှတ်တမ်းတင် သဘောထား မှတ်ချက်ပြုထားသည့် “ Common Bluebottle ” လိပ်ပြာပုံ (၂၀၀ ကျပ်တန်) စာပို့ တံဆိပ်ခေါင်းသစ် တစ်မျိုးအား ၂၀၂၄ ခုနှစ်၊ မတ် (၂၇)ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၃) ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၉နာရီခွဲ မှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည် ဖြစ်သည်။
အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် မတ် (၂၇) ရက်တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ် တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ် ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်