လိပ်သို၊ ၃ ဒီဇင်ဘာ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိရစ္ဆာန်များကို ကူးစက်ရောဂါများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး ကျေးလက်နေ ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က အလယ်ချောင်း (အထက်) ကျေးရွာနှင့် ဇလဲကျေးရွာတို့တွင် ကြိုတင် သတိပြုစရာ ဝက်များတွင် ဖြစ်ပွားတတ်သော အာဖရိက အပြင်းဖျား ဝက်ရောဂါ အသိပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေ ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

 

အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ရောဂါကူးစက်ပျံ့နှံ့ခြင်း၊ ဝက်ဝမ်းကျရောဂါ၊ ဝက်နာရွက်ပြာရောဂါ၊ စိန်ကွက်နာ ရောဂါ၊ ဆဲလ်မိုနဲလားရောဂါ တိရစ္ဆာန်များကို ကူးစက်ရောဂါ ကာကွယ်ရေးအတွက် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား ရပ်ကွက်/ ကျေးရွာနေ ပြည်သူများ သိရှိနိုင်စေရန် အသိပညာ ပေးလမ်းကမ်း စာစောင် ဖြန့်ဝေခြင်းများကို  ပြည်သူများသိရှိနိုင်စေရန် လိုက်လံ ဖြန့်ဝေပေးနေကြောင်း သိရသည်။

 

မွေးမြူရေးကဏ္ဍ ဖွံဖြိုးတိုးတက်စေရေး အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာ များအရောက် ကွင်းဆင်းသွားရောက်ပြီး ဒေသခံ ပြည်သူများ မွေးမြူထားရှိသည့် ဝက်များအား ကူးစက်ရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ မွေးမြူရေးဆိုင်ရာ အသိပညာပေးခြင်းများကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း လိပ်သိုမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မှ ဒေါက်တာနော်ကလယ်ဂေထူး ထံမှ သိရသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)