လိပ်သို ၁၆ ဇူလိုင်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သိုမြို့တွင် ဒူးရင်းသီးများပေါ်ချိန် မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။

 

လိပ်သိုမြို့ဒေသတွင် ဒူးရင်းသီးများကို ဘိုကလေး၊ မြသာကုန်း၊ ကျမိုင်း၊ မြထင်နှင့် အခြားသော ကျေးရွာများတွင် ဒူးရင်းသီးများ ထွက်ရှိပြီး စျေးကွက်သို့ တင်ပို့ရောင်းချရာမှာ အသီးအရွယ်အစားအလိုက် ကျပ် ၁၅၀၀ မှ ၆၀၀၀ အထိ ရောင်းချရ​သော​ကြောင့် မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း တစ်ပိုင်တစ်နိုင် ဒူးရင်းသီး စိုက်ပျိုးရောင်းချသူ ဦးစိုးပိုင်ထံမှ သိရသည်။

 

လိပ်သိုဒေသထွက် ဒူးရင်းသီးများသည် သဘာဝအတိုင်း စိုက်ပျိုးထားသဖြင့် အန္တရာယ်ကင်းပြီး အနံ့အရသာနှင့် ပြည့်စုံကောင်းမွန်ခြင်းကြောင့် ဒူးရင်းသီးစားသုံးသူ ပိုမိုများပြားလာကာ ယခုရက်ပိုင်းတွင် ဒူးရင်းသီးရောင်းချသူများ အဆင်ပြေနေကြကြောင်း သိရသည်။

နွယ်နွယ်ခိုင်(ပြန်/ဆက်)