လှိုင်းဘွဲ ၈ စက်တင်ဘာ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ဆင်းသုခစပါး မျိုးစေ့ထုတ် စိုက်ခင်းဧရိယာများတွင် ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ယမန်နေ့က ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး၊ ဘားအံခရိုင် စိုက်ပျိုးရေးဦးစီးမှူး တို့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးသန်းထိုက်၊ ခရိုင် စိုက်ပျိုးရေး ဦးစီးမှူး ဦးသက်ဆွေ၊ မြို့နယ်ဦးစီးမှူးဦးကြည်ဝင်းနှင့် တာဝန်ကျဝန်ထမ်းများက လှိုင်းဘွဲမျိုးစေ့ခြံရှိ ဆင်းသုခစပါး ပျိုးထောင်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုကာ ဒေသခံတောင်သူများ အတွက် မျိုးကောင်း မျိုးသန့်များ ထုတ်လုပ်ပေးရန်၊ စံပြမျိုးစေ့စိုက်ခင်းအဖြစ် ဆောင်ရွက်ရန်၊ စိုက်ပျိုးနည်းစနစ်အတိုင်း လိုက်နာဆောင်ရွက်ရန်၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတိုရေရှည် စီမံချက်များ ချမှတ်ဆောင်ရွက်ရန်၊ လိုအပ်ချက်များရှိပါက နီးစပ်ရာ စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာနများနှင့် ဆက်သွယ်ပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို အကြံပြုမှာကြားခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


